Friday, 31 January 2014
ရနိုင်သလို ယူကြရ၏
ဒါနဟူသည် ငွေမမှီက
လှူရခက်ချေ မဖြစ်ပေဟု
စိတ်ထွေသောအား မပြစ်ထားနှင့်
တရားအသင့် နှလုံးချင့်ကာ
ကြံမှာတစ်ချိုး တစ်ရိုးလက္ဘက်
တစ်ခွက်သောက်ရေ ပေးလှူလေလည်း
မနည်းအကျိုး ဂုဏ်ရည်တိုးသည်
ကြိုးစားပေးလှူကြရာ၏။
သီလဟူသည် စိတ်မကြည်က
စောင့်ရခက်ချေ မဖြစ်ပေဟု
စိတ်ထွေသောအား လွှတ်မထားနှင့်
တရားအသင့် နှလုံးချင့်ကာ
နာရီပိုင်းထောင့် ခဏစောင့်လည်း
မနည်းအကျိုး ဂုဏ်ရည်တိုးသည်
ကြိုးစားစောင့်ထိန်း ကြရာ၏။
ဘာဝနာဟူသည် စိတ်မကြည်က
ပွါးရခက်ချေ မဖြစ်ပေဟု
စိတ်ထွေသောအား လွှတ်မထားနှင့်
တရားအသင့် နှလုံးချင့်ကာ
နာရီပိုင်းခြား ခဏပွားလည်း
မနည်းအကျိုး ဂုဏ်ရည်တိုးသည်
ကြိုးစားပွားများ ကြရာ၏။
အရှင်ဝိသာရဒ ( ရမ္ပာဝတီ )
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)
Credit ပေးပြီး ပြန်လည်ဖေါ်ပြပါရစေ ခင်ဗျား
ReplyDelete