ဘုရားရှင်သည် အာဠ၀ီပြည်အနီးယင်းတိုက်တောဝယ် နွားတို့သွားရာ
လမ်းနဘေးအရိပ်ကျဲကျဲသစ်ပင်အောက်၌သစ်ရွက်အခင်းပေါ်တွင်သီတင်း
သုံးတော်မှု၏။ ထိုစဉ်ဟတ္ထကအာဠာဝကမင်းသားသည် အညောင်းပြေလမ်း
လျှောက်လာရင်း ဘုရားရှင်ကိုမြင်သဖြင့် ချဉ်းကပ်ရှိခိုးပြီး ဤသို့မေး
လျှောက်လေသည်။
အရှင်ဘုရား အသို့နည်းချမ်းသာစွာအိပ်စက်တော်မူရပါ၏လော။
မင်းသားငါဘုရားသည်ချမ်းချမ်းသာသာကျိန်းစက်ရ၏။ လောက၌
ချမ်းချမ်းသာသာ အိပ်စက်ရသူတို့တွင် ငါသည်လည်းတစ်ဦးအပါ
အ၀င်ဖြစ်၏။
အရှင်ဘုရားဆောင်းဦးညဥ့်ဖြစ်၍ ချမ်းအေးလှပါ၏။ တပို့တွဲနှင့်တပေါင်း
အကူးအကြား ၈-ရက်သည်ဆီးနှင်းများကျသောအခါဖြစ်ပါ၏။ မြေပြင်သည်
နွားခြေရာကွက်တို့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ပင်၏အရွက်တို့ကလည်းကျို့
တို့ကျဲတဲရှိလှပါ၏။ အရှင်ဘုရား၏သင်္ဃန်းတော်များမှာလဲ အေးစက်နေ၏။
ဆောင်းလေအေးကလည်း အရပ်လေးမျက်နှာမှ တိုက်ခတ်နေပါ၏။ သို့ဖြစ်ပါ
လျက် ချမ်းချမ်းသာသာကျိန်းစက်ရကြောင်း လောက၌ ချမ်းသာစွာအိပ်စက်
ကြရသူတို့တွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း အရှင်ဘုရားမို့မိန့်တော်မှုနိုင်
ပါဘိဘုရား။
မင်းသားသို့ဖြစ်လျှင် ဤနေရာတွင် သင့်ကိုပင်ပြန်၍မေးရဦးမည်။
သင်သဘောကျသလိုဖြေပါ။ မင်းသားငါပြောမည့်ထိုစကားကို သင်မည်သို့
ထင်သနည်း။ ဤလောက၌ သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားအား
လည်းကောင်း မိုးလုံလေလုံ ဆီမီးထိန်ထိန်တွန်းထားသည့် အိမ်ကြီးအိမ်
ကောင်းထဲတွင် ရတနာစီခြယ်ထားသည့် မွေ့ရာကောဇောများ ခင်းထားသည့်
ကုတင်ကြီးပေါ်၌ စိတ်နုလုံးကိုရွှင်ပြုံးနှစ်သက်စေနိုင်သည့် မယားအလှလေး
ယောက်တို့က အမျိုးမျိုးပြုစုယုယ လုပ်ကျွေးကြ၏။ မင်းသား ထိုသူကြွယ်သည်
ချမ်းသာစွာအိပ်စက်ရသလော၊ ချမ်းသာစွာမအိပ်စက်ရသလော။
အရှင်ဘုရား ထိုသူကြွယ်သည်ချမ်းသာစွာအိပ်စက်ရပါ၏။ ချမ်းသာစွာအိပ်စက်
ရသူတို့တွင် တစ်ဦးအပ်အ၀င်ဖြစ်ပါ၏။
မင်းသား ထိုသူကြွယ်အား ရာဂကြောင့် ဒေါသကြောင့် မောဟကြောင့် ဖြစ်ကုန်
သော ကိုယ်၌ပူလောင်ခြင်း စိတ်၌ပူလောင်ခြင်းတို့ ဖြစ်ကုန်ရာ၏။ အကြင်ပူလောင်
ခြင်းတို့ဖြင့် ပူလောင်သောသူည် ဆင်းရဲစွာ ဆိပ်ရသည်မဟုတ်ပါလော။
အရှင်ဘုရား၊ ဆင်းရဲစွာအိပ်ရသည်မှန်ပါ၏။
မင်းသား ငါဘုရားသည် ထိုရာဂ ဒေါသ မောဟတို့ကို ပယ်ပြီးဖြစ်၏။
အမြစ်ရင်းကို အကြွင်းမဲ့ ဖြစ်ပြီးဖြစ်၏။ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏။
အသစ်မဖြစ်အောင် ပြုပြီးဖြစ်၏။ နောင်အခါဖြစ်ပေါ်ခြင်းသဘော မရှိတော့ပြီ။
ထို့ကြောင့်ငါသည်ချမ်းသာစွာ ကျိန်းစက်ရ၏။
ဗုဒ္ဓဘာသာလက်စွဲကျမ်း
ဓမ္မစာပေများ မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment